Saturday, May 2, 2020

အဆက်မပြတ်မိုး ရွာသွန်းခြင်းကြောင့် မြေပဲ စိုက်တောင်သူများ မြေပဲ ပျက်စီးမှာ စိုးရိမ်နေ ……

အဆက်မပြတ်မိုး ရွာသွန်းခြင်းကြောင့် မြေပဲ စိုက်တောင်သူများ မြေပဲ ပျက်စီးမှာ စိုးရိမ်နေ ……


aungkaungpyizaw.blogspot.com


အောင်ကောင်းဇော် စာသတင်း မေလ ၂



မာန်အောင်မြို့နယ်အတွင်းတွင် ဧပြီလ ၂၆ ရက်နေ့ကပင် မိုးအဆက်မပြတ် ရွာသွန်း ခြင်းကြောင့် မြေပဲ သိမ်းဆည်းရာတွင် အခက်တွေ့လျှက် ရှိနေပြီး မြေပဲ အပျက်အစီး များမှာကို စိုးရိမ်နေကြောင်း သိရှိရသည်။



နှစ်စဉ် နှစ်တိုင်း မာန်အောင်မြို့နယ် အတွင်းတွင် ဧပြီ လမှ စတင်ကာ ယခုကဲ့သို့ မိုးဆက်တိုက် မိုးရွာသွန်းမှု့ မရှိခဲ့သလို ယခုအခါ မိုးဆက်တိုက် ရွာသွန်းလိုက်ဒါကြောင့် မြေပဲ သိမ်းဆည်းရာတွင် အခက် တွေ့နေတယ်ဟု မာန်အောင်မြို့မှ မြေပဲစိုက်တောင်သူ ဦးကိုကိုနိူင်က ဆိုပါတယ်။



"မြေပဲ စိုက်တဲ့သူတွေက အခုလိုမိုးရွာတော့ အခက်တွေဒါပေါ့ အခုက မြေပဲ သိမ်းဆည်းလို့မှ မပြီးကြသေးဒါ အခုမှ စပြီး သိမ်းနေတုန်းမှာ မိုးကရွာလိုက်တယ်ဆိုတော့ ရလာတဲ့မြေပဲ တွေက အရည်အသွေးလဲ မပြည့်တော့ဘူး ဈေးကောင်းလဲ မရောင်းရတော့ဘူး လုပ်ရကိုင်ရ ဒါတွေလဲ ပိုပင်ပန်းတယ် ဟု"သူကဆိုပါတယ်။



ယခုကဲ့သို့ မိုး နောက်ထပ် ရွာဆက်လက် ရွာသွန်းမည် ဆိုလျှင် မြေပဲ များကို သိမ်းဆည်း လို့ ရတော့မည် မဟုတ်သလို နေပူလိုက် မိုးရွာလိုက် ဖြစ်နေလျှင် မြေပဲ များမှာ မြေကြီးအထဲ အပင်ပေါက်လာမှာကို စိုးရိမ်နေရတယ်ဟု နောက်ထပ် မြေပဲစိုက်တောင်သူ ဦးမြင့်ဝင်း ကဆိုပါတယ်။



"အခုလို မိုးတွေ ရွာလိုက် နေတွေ ပူလိုက် ဖြစ်နေရင် မြေပဲတွေက အပင်ပေါက်လာမှာကို စိုးရိမ်ရတယ် အခုတောင် တော်တော် အခက်အခဲဖြစ်နေပြီး ပြီးတော့ မြေပဲကိုလဲ နေလှန်းမဲ့ နေရာ မရှိဖြစ်နေတယ် အခု မိုးမိထားတဲ့ပဲ ဆိုရင် ဝယ်လက်တွေကလဲ မကြိုက်ကြဘူး "ဟုသူကဆိုပါတယ်။



မာန်အောင်ဒေသတွင် ယခု နှစ်အတွင်း ရာသီဥတုအခြေအနေကြောင့် မြေပဲစိုက် တောင်သူ နည်းပါးမှု့ ရှိနေပြီး ယခုအခါ မြေပဲ တစ်တင်းကို ငွေကျပ် ၁၅၀၀၀ ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရှိရသည်။ တစ်ချို့မြေပဲ စိုက် တောင်သူများမှာ မြေပဲ သိမ်းဆဲ ၍ ပြီးစီးပြီးဖြစ်သော်လဲ တစ်ခြားနေရာ ဒေသမှ မြေပဲ ဝယ်သူ မရှိဒါကြောင့် အရောင်း အဝယ် ထိန်းလျှက် ရှိနေတယ်ဟုလဲ သိရှိရသည်။

အဆက်မပြတ်မိုး ရွာသွန်းခြင်းကြောင့် မြေပဲ စိုက်တောင်သူများ မြေပဲ ပျက်စီးမှာ စိုးရိမ်နေ ……

အဆက်မပြတ်မိုး ရွာသွန်းခြင်းကြောင့် မြေပဲ စိုက်တောင်သူများ မြေပဲ ပျက်စီးမှာ စိုးရိမ်နေ …… aungkaungpyizaw.blogspot.com အောင်ကောင်...